News

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၄
ပညာရေးဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ဝန်ကြီးဌာနက ပေးအပ်လာသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ၊ တာဝန်နှင့်ဝတ္တရားများကို အောင်မြင်ပြီးမြောက်အောင် စေတနာထား ဆောင်ရွက်သွားကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ်မှာကြားသည်။

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများတွင် ရေကျသွားသည့်ကျောင်းများကို ဆေးကြောသန့်စင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၂
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေခံပညာအလယ်တန်းကျောင်း မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်များနှင့် စာရေးကိရိယာများ၊ ကျောင်းစာကြည့်တိုက်သုံး စာအုပ်များနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန် ၂၀၂၆ ဩဂုတ် ၂၉
ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်မည့် မြေနေရာ၊ ကျောင်းသူအိပ်ဆောင် ဆောက်လုပ်မည့်မြေနေရာ၊ ပါမောက္ခချုပ်‌ နေအိမ်ဆောက်လုပ်နေမှုနှင့် အပန်းဖြေရိပ်သာ ဆောက်လုပ်ပြီးစီးမှုအခြေအနေတို့ကို ယနေ့ နံနက်ပိုင်းက ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန် ၂၀၂၆ ဩဂုတ် ၂၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အနောက်တိုင်းလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဩဂုတ် ၁၉
Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ ဦးဆောင်တက္ကသိုလ်တစ်ခု ဖြစ်လာစေရေး အလေးပေးဆောင်ရွက်သွားရန်နှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်ကြားသင်ယူနည်းစနစ်ကို အားပေးမြှင့်တင်ရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။

နေပြည်တော် ၂၀၂၆ ဩဂုတ် ၁၄
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၆ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Center) ၌ တက္ကသိုလ်အားကစားပွဲများ၊ အနုပညာ အသင်းအဖွဲ့များ၊ ဆိုင်ခန်းများ၊ အပန်းဖြေနားနေရန်ထိုင်ခုံများဖြင့် စည်ကားနေစေရေး မွမ်းမံရန် လိုအပ်သည်များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ ဩဂုတ် ၃
မြန်မာ့အခြေခံပညာရေး သမိုင်းပြုစုရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဇူလိုင် ၃၀
ပညာရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံကိန်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပါသည်။

Pages