News

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာ‌ရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၁၈
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သည့်အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ် ပြုစုထိန်းသိမ်းထားရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၉‌နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန် ၂၀၂၆ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အနီး၌ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆)၊ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များ အစားအသောက်ပြိုင်ပွဲနှင့် ရန်ကုန်တက္ကသိုလ်ဘာသာရပ်များအလိုက် ဈေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။

ရန်ကုန် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ထွန်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာ (Center for Research and Innovation) တွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲ‌တော်(၂၀၂၆) ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သိပ္ပံပွဲ‌တော်တွင် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်‌ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၆
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယခင်ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့် မြှင့်တင်ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၄
မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages