News

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ယူနက်စကို အဖွဲ့ကကြီးမှူးကျင်းပသည့် လူတိုင်းအကျုံးဝင်ပညာရေး၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Hilton Manila Newport World Resorts ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အရှေ့တောင် အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့နှင့်အတူ တက်ရောက်သည်။

နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃
ပညာရေးဝန်ကြီးဌာန သိပ္ပံပွဲတော်အောင်မြင်စွာ ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန် ၂၀၂၅ နို၀င်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများ၊ ရန်ကုန်တက္ကသိုလ် ဝန်ထမ်းများက ရန်ကုန်တက္ကသိုလ်အတွင်း သန့်ရှင်း သာယာလှပရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက် ဘဏ္ဍာငွေပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်သည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများအတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်း တက်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၅ နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဦးစီးကျင်းပပြုလုပ်သည့် အခြေခံပညာမူလတန်းနှင့် အခြေခံပညာအလယ်တန်း ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသား ပညာရည်စစ်ဆေးအကဲဖြတ်ခြင်း၊ လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၁၄
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages