News
နေပြည်တော် ၂၀၂၆ ဇွန် ၂၃
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အကြံပြုဆွေးနွေးစကား ပြောကြားသည်။
နေပြည်တော် ၂၀၂၆ ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (NCC) အစည်းအဝေးခန်းမ၌ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၆ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်ဖွင့်ပွဲသို့ တက်ရောက်သည်။
နေပြည်တော် ၂၀၂၆ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့် Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား မိဘများ နှင့်တွေ့ဆုံသည်။
ရန်ကုန် ၂၀၂၆ ဇွန် ၁၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
နေပြည်တော် ၂၀၂၆ ဇွန် ၁၂
FOOTBALL FOR SCHOOL LAUNCHING CEREMONY ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဇွန် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
နေပြည်တော် ၂၀၂၆ ဇွန် ၉
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် uab ဘဏ်မှ အမှုဆောင်အရာရှိချုပ်နှင့် တာ၀န်ရှိသူများအား ယနေ့မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၆ ဇွန် ၅
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၆ ဇွန် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
