January 2026

Union Minister Dr. Chaw Chaw Sein Inspects Basic Education, Industrial, Agricultural and Livestock Breeding High Schools in Nay Pyi Taw Union Territory

The Union Minister for Education, Dr. Chaw Chaw Sein, together with the Deputy Minister U Nay Myo Hlaing, Directors General, and responsible officials, visited the Basic Education and Industrial, Agricultural, and Livestock High School (MRTV) in Thawta Village, Tatkon Township, Ottarathiri District, Nay Pyi Taw Union Territory, this morning. They inspected students’ learning activities and delivered words of encouragement.

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်‌မြေ၊ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ် သော်တာ‌ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(MRTV)သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။

Coordination Meeting on Opening Skill Training Courses to Support Employment for Students Who Completed Basic Education

A coordination meeting was held to discuss the opening of skill-based vocational training courses that can support employment opportunities for those who have completed primary, middle, and high school education. The meeting took place this afternoon at the meeting hall, Office No. (13), Ministry of Education, Nay Pyi Taw.

အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်‌သေးသူများအတွက် အလုပ် အကိုင်ရရှိရေး အထောက်အကူပြုကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၂
အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မအောင်မြင်‌သေးသူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြု ကျွမ်းကျင်မှုအတတ်ပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် Naypyitaw State Academy ရှိ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖြစ်စေရေးနှင့် သုတေသနအခြေခံသည့် သင်ကြားသင်ယူမှုဖြစ်စေရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်နှင့် မိုညှင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် မြစ်ကြီးနားမြို့ရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။

Pages