January 2026

ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။

ဒုတိယဝန်ကြီး ‌ဒေါက်တာဇော်မြင့် (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံ၊ သိပ္ပံပွဲ‌တော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်သန့်ရှင်းသာယာရေးကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၆ ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ထွန်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာ (Center for Research and Innovation) တွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲ‌တော်(၂၀၂၆) ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သိပ္ပံပွဲ‌တော်တွင် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်‌ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

Deputy Minister Dr. Zaw Myint Inspects Preparations for the 25th Silver Jubilee Research Conference, Science Fair, and University Cleanliness

On the morning of January 27, the Deputy Minister for the Ministry of Education, Dr. Zaw Myint, together with the Rector of University of Yangon, Dr. Tin Maung Htun, the Deputy Director-General of the Department of Higher Education Dr. Kyaw Htun Naing, and other officials, visited the Center for Research and Innovation (CRI) at the University of Yangon where they inspected the conditions of preparation work for holding the 25th Silver Jubilee Research Conference and Science Fair (2026) conducted by the Myanmar Academy of Arts and Science, including the arrangements for exhibitions that will be displayed during the Science Fair, encouraged the organizers, and coordinated the necessary support.

Union Education Minister Dr Chaw Chaw Sein Inspects Universities, Education Degree College and Basic Education Schools in Taunggyi and Basic Education Schools in Kalaw

The Union Minister for Education Dr Chaw Chaw Sein, accompanied by Shan State Chief Minister U Aung Aung, Deputy Minister Dr Zaw Myint, State Ministers and the authorities concerned, inspected the Education Degree College established at the former University of Computer Studies (Taunggyi) this morning to assess preparations for its upgrade to university level.

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တောင်ကြီးမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ကလောမြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၆
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ယခင်ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့် မြှင့်တင်ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

မူလတန်းပြ ဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ၂၀၂၆ ဇန်နဝါရီ ၂၄
မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages