ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အခြေခံပညာကျောင်းများနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)တွင် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၁ ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)တို့သို့ သွားရောက်၍ သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမ များနှင့်တွေ့ဆုံကာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
