ပုသိမ်တက္ကသိုလ်စာကြည့်တိုက်နှင့် ဘာသာရပ်ဌာန ၁၅ ခု၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သော ရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်
ရန်ကုန် ၂၀၂၂ မတ် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။
