ပုသိမ်တက္ကသိုလ်စာကြည့်တိုက်နှင့် ဘာသာရပ်ဌာန ၁၅ ခု၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သော ရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်

ရန်ကုန် ၂၀၂၂ မတ် ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုသိမ်တက္ကသိုလ်စာကြည့်တိုက်နှင့် ဘာသာရပ် ဌာန ၁၅ခု၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သော ရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ရေသန့်စက်တစ်လုံးစီ ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း။ သုတေသနနှင့်စပ်လျဉ်း၍ သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်သည့်အတွက် သုတေသနဆောင်ရွက်ရေး၊ သင်ကြားရေး၊ အရည်အချင်းမြှင့်တင်ရေးအတွက် လိုအပ်သည့် စာအုပ်စာတမ်းများ ဖြည့်ဆည်းပေးခြင်း၊ ပုသိမ်တက္ကသိုလ်ဝင်းအတွင်း အင်တာနက်ဝိုင်ဖိုင် ပြည့်စုံရန် ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များကိုလည်း လိုအပ်ပါက ထပ်မံတင်ပြကြစေ လိုကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာဆရာများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရေး ဆွေးနွေးပြောကြားပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဝင်းထွန်းက သက်ဆိုင်ရာ ပညာတော်သင်များသွားရောက်ရာတွင် စည်းမျဉ်းစည်းကမ်းများကို သိရှိ နားလည်ရန် လိုအပ်ပြီး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများက ဘာသာရပ်ဌာန တစ်ခုချင်းအလိုက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေး ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဆားမ လောက်)၊ အင်းမ စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကုန်း မြို့နယ်၊ တံခွန် တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများတို့ကို လှည့်လည် ကြည့်ရှုပြီး လူသွားစင်္ကြံ လမ်းနှင့် အမိုးများပြင်ဆင်ခြင်း၊ အန္တရာယ်ရှိကျောင်းဆောင်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ စာသင် ခန်းများ ဆေးသုတ် ပြန်လည်မွမ်းမံခြင်း၊ စာသင်ခန်း မျက်နှာကြက်များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သိပ္ပံခန်းနှင့် စာကြည့်တိုက်ဆောက်လုပ်ခြင်း၊ ကာယဆရာလိုအပ်ချက်နှင့် ကွန်ပျူတာလိုအပ် ချက်ဖြည့်ဆည်းပေးခြင်း၊ ရေသန့်စက်နှင့် ရေစက်များအသစ်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။