မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ ဧပြီ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး စီမံချက်မူကြမ်းအပေါ်  ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ဆပ်ကော်မတီဖွဲ့စည်းရေး၊ စကားဝိုင်းဆွေးနွေးပွဲ၊ စာတမ်းဆွေးနွေးပွဲများကျင်းပရေး အတွက် အကြံပြုကြရန်တို့ကို ပြောကြားသည်။

ထို့နောက် ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ အစည်းအဝေးတက်ရောက်လာသူများ က ညီလာခံဆွေးနွေးပွဲ ခေါင်းစဉ်များ၊ စာတမ်းဆွေးနွေးပွဲခေါင်းစဉ်များနှင့် ဆပ်ကော်မတီ များအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးအကြံပြုကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။