၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အားကစားနည်းအလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံများတွင် ဆက်လက် ယှဉ်ပြိုင်ကြသည်။

ယနေ့ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်တို့သည် ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြုလုပ်သည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသား လှံတံပစ်ပြိုင်ပွဲနှင့် အမျိုးသမီးလှံတံပစ်ပြိုင်ပွဲများကိုကျင်းပရာ  အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် မောင်လင်းခိုင်(ရန်ကင်း-EDC)က ပထမ၊ စောဘစိန်(ဘားအံ-EDC)က ဒုတိယ၊ မောင်အာကာလွင်(ထားဝယ်-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ၄၀၀ အပြေးပြိုင်ပွဲတွင် မမိုးဝဿန်ထက်(ရန်ကင်း- EDC)က ပထမ၊ မတိုးတိုးဝေ(မကွေး-EDC) က ဒုတိယ၊  မအေးမြတ်သန္တာဖြိုး(ဘိုကလေး-EDC)က တတိယ ရရှိကြသည်။ 

အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်(ပခုက္ကူ-EDC)က ပထမ၊ မောင်ရဲထက်အောင်(မြောင်းမြ-EDC)က ဒုတိယ၊ မောင်ထွန်းနိုင်ဖုန်းမို(ရန်ကင်း-EDC)က တတိယ ရရှိကြပြီး အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် မဖူးငုံ(ထားဝယ်-EDC)က ပထမ၊ မသရဖီကျော်(မန္တလေး-EDC)က ဒုတိယ၊ မဇင်ဇင်နိုင်(မုံရွာ-EDC)က တတိယ ရရှိကြသည်။

အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် မောင်စိုးမိုးအောင်(သင်္ကန်းကျွန်း-EDC)က ပထမ၊ မောင်ဝင်းဇော်(ဟားခါး-EDC)က ဒုတိယ၊ မောင်ကျော်စွာဦး(ဘားအံ-EDC)က တတိယ ရရှိကြ ပြီး  အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် မသန်းသန်းဌေး(မုံရွာ-EDC)က ပထမ၊ မဇင်မြတ်မြတ်နိုး (မော်လမြိုင်-EDC)က ဒုတိယ၊ မိအေးမြတ်မွန်(ဘားအံ-EDC)က တတိယ ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ကျောင်းပြင်ပနှင့် တစ်သက် တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်း၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင်တို့က ဆုရရှိသည့် အားကစားမောင်မယ်များကို ဆုများချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင် ကျင်းပ သည့် အမျိုးသမီးဘော်လီဘောဗိုလ်လုပွဲနှင့် အမျိုးသားဘော်လီဘောဗိုလ်လုပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးသည်။

အဆိုပါအမျိုးသမီး ဘော်လီဘောဗိုလ်လုပွဲစဉ်တွင် လားရှိုးပညာရေးဒီဂရီကောလိပ် အသင်းက တောင်ကြီးပညာရေးဒီဂရီကောလိပ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲကာ ပထမဆုရရှိပြီး အမျိုးသားဘော်လီဘောဗိုလ်လုပွဲစဉ်တွင် တောင်ကြီးပညာရေးဒီဂရီကော လိပ်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲ၍ ပထမဆု ရရှိသည်။ ပြိုင်ပွဲအပြီးတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်တို့က ဆုရရှိကြသည့် အသင်းများကို ဆုများချီးမြှင့်ပေးအပ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ တောင်ကြီးဇုန်အသင်းနှင့် မန္တလေးဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးဇုန်ဘောလုံးအသင်းက မန္တလေးဇုန် ဘောလုံးအသင်းကို ငါးဂိုး -ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ညနေပိုင်းတွင် မကွေးဇုန်ဘောလုံးအသင်းနှင့် မော်လမြိုင်ဇုန်ဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှင့်တစ်ဖက် အနိုင်ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေပွဲ ဖြစ်သွားသည်။