ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၁၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့နံနက် ၁၀း၀၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေးမြှင့်တင်ရေး၊ စိုက်ပျိုး၊ မွေးမြူ၊ သက်မွေးပညာအားပေးရေး၊ ပညာသင်စေလွှတ်ရေး၊ အဆင့်မြင့်ပညာကဏ္ဍနှင့် အခြေခံပညာကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးတို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ တက်ရောက်ကြသည်။