စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ၂၀၂၃ ဇန်နဝါရီ   ၂၀

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၃) ၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ပညာရေး၀န်ကြီးဌာနမှ ၀န်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပါ၀င် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် နိုင်ငံတော်၀န်ကြီးချုပ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဦးစီးဌာနများအားလုံးက ဝိုင်း၀န်းပါ၀င်ဆောင်ရွက်ကြသည့် စိန်ရတုလွတ်လပ်ရေးနေ့သည် မိမိအနေဖြင့် တစ်သက်တာတွင် ပထမဆုံးကြုံတွေ့ ဆင်နွှဲခွင့်ရခဲ့သည့်ပွဲ ဖြစ်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာနကိုယ်စားပြု ပါ၀င်ဆင်နွှဲကြသည့် ၀န်ထမ်းများအနေဖြင့် ဦးစီးဌာနအလိုက် ကျရာတာ၀န်များ ခွဲဝေဆောင်ရွက်ရာတွင် ခွဲဝေပေးအပ်သည့် တာ၀န်များအပြင် ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် များစွာ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသည် ကမ္ဘာက အသိအမှတ်ပြုရသည့် သမိုင်းတွင် မည့် ဂုဏ်ယူဖွယ်အခမ်းအနားကြီးဖြစ်ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု စွမ်းပကားကြောင့် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ပေးခဲ့ကြသည့် ဝန်ထမ်းများကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း   ၁၈၃ ဦး အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဦးစီးဌာနများမှ ကိုယ်စား လှယ်များက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက တက်ရောက်လာကြသည့် ဝန်ထမ်းများကို ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေး မှူးများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများနှင့်အတူ  ဂုဏ်ပြုနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။