နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Natalia A. Bocharova နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၅ နာရီတွင် Naypyitaw State Academy ၌ လက်ခံတွေ့ဆုံ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်း ဆောင်ရွက်မှုများနှင့် Naypyitaw State Academy ဆက်လက် တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က Naypyitaw State Academy ၏ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ ကျောင်းသားအင်အား၊ လက်ရှိ သင်ကြားနေသည့် အထူးပြုဘာသာရပ်ဆိုင်ရာသင်တန်းများ၊ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံဒုတိယဝန်ကြီးတို့သည် ပညာတော်သင်များ တိုးမြှင့်စေလွတ်နိုင်ရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှားဘာသာစကား သင်ကြားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
