News
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၃
အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်း (Main Survey) စတင်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထျန်ကျင်းမြို့၌ နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (2024 World Vocational and Technical Education Development Conference)သို့ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့်အတူ တက်ရောက်ခဲ့သည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၂
Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်ရှေ့တွင် ကျင်းပသည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy နှင့် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၉
(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီမှ အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၄
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များနှင့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောင်းကုန်းမြို့နယ် မီးသွေးတိုက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကညင်သုံးဆင့် အခြေခံပညာ အထက်တန်းကျောင်း၊ ညောင်တုန်းမြို့နယ် ပေစိကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ နတ်ပေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ညောင်တုန်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၉
Naypyitaw State Academy ကို“ပညာရှင်များမွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” ဖြစ်လာရန် မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပြီး စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူ လေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကိုသင်ယူရာ ထိပ်တန်းတက္ကသိုလ်ဖြစ်လာစေရန် ဦးတည်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကံချိုင်အခြေခံပညာအထက်တန်းကျောင်း၊ ဇီးချိုင်ရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချောင်းအခြေခံပညာအထက်တန်းကျောင်း၊ ကညင်ချောင်း(တောင်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သဲကျင်းကျေးရွာအခြေခံပညာ မူလတန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
