News

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၃၀
မြန်မာရွှေ့ပြောင်းကျောင်းသား ကျောင်းသူများအား အတန်းနေရာချထားမှု (Placement Test)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၉
ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၅
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မန္တလေးတက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ရန်ကုန် ၂၀၂၅ စက်တင်ဘာ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့ရုံး၌ မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံတမီးလ်နာဒူပြည်နယ် Vellore မြို့ Vellore Institute of Technology (VIT) ၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သော အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၉
အိန္ဒိယနိုင်ငံအစိုးရက Naypyitaw State Academy သို့ စာအုပ်များ လှူဒါန်းပွဲကို ယနေ့ ညနေ ၃ နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန် ၂၀၂၅ စက်တင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ဒုတိယစာသင်နှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၇
Naypyitaw State Academy ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာတန်း ပထမနှစ်သင်တန်းများ၏ ဒုတိယ စာသင်နှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၆ရက် အထိ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်(ကွမ်ရှီး)-အာဆီယံအသက်မွေးဝမ်းကျောင်းပညာ ပူးပေါင်းဆောင်ရွက်မှု နှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

Pages