ပင်လယ်ရေမှ စိုက်ပျိုး၊ မွေးမြူရေးသုံး ရေချို၊ ရေသန့်ထုတ်လုပ်ခြင်း သုတေသန ဆောင်ရွက်
ရန်ကုန် ၂၀၂၅ အောက်တိုဘာ ၂၀
ရန်ကုန်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာစင်တာ၌ (Center for Research and Innovation) Innovative Biophysics Lab တွင် Green Hydrogen Fuel Cell နည်းပညာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် စွမ်းအင်စနစ် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာ၀န်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။

