၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ
နေပြည်တော် ၂၀၂၅ မေ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီးနှင့် ရေပန်းဥယျာဉ်မုခ်ဦးအနီး၌ သီးခြားစီကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
