December 2024
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရှမ်းပြည်နယ် လူမှုရေးရာ ဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက အေးသာယာမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို ကြည့်ရှုပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဖြင့် ကုန်ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေး ကြိုးစားလေ့လာ သင်ယူကြရန် တိုက်တွန်းမှာကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့် Naypyitaw State Academy အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေသည့် အခြေအနေကြည့်ရှုစစ်ဆေး
နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၅
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ဦးမျိုးသန့်သည် ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့တွင် Naypyitaw State Academy အတွင်း တည်ဆောက်နေသည့် ဘွဲ့နှင်းသဘင်ခန်းမ၊ Recreation Center ၊ စာသင်ဆောင်များ၊ အိပ်ဆောင်နှင့်ထမင်းစားဆောင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာရေးဝန်ကြီးဌာန အားကစားအဖွဲ့ အောင်နိုင်ရေးအလံအပ်နှင်း
နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၄
၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပညာရေးဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

