နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန်မှာကြား
နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များနှင့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာသင်နှစ် အသစ်စတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

