ကျန်းမာသန်စွမ်းပြီး ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များဖြစ်အောင်ကြိုးစား
နေပြည်တော် ၂၀၂၂ ဇွန် ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် တို့နှင့်အတူ ယနေ့နံနက် ၁၀း၃၀နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါ ကျောင်းများရှိ စာသင်ခန်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများ၊ အေးချမ်းစွာပညာ သင်ယူနေသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား သည်။
