News
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၅
အခြေခံပညာ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သူ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ယူ လေ့ကျင့်နိုင်မည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
တောင်ကြီး ၂၀၂၃ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (၂၀၂၃ ခုနှစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ရှမ်းပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းရှိ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၀
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၃) ၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၁၈
Naypyitaw State Academy ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၁၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံတွင်ကျင်းပသည်။
နေပြည်တော်၂၀၂၃ ဇန်နဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံသည်။
နေပြည်တော်၂၀၂၃ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်ရှိ တက္ကသိုလ်ဗဟိုသုတေသနဌာနသို့ သွားရောက်၍ သုတေသနဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
