News

နေပြည်တော် ၂၀၂၃ ဇွန် ၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီခွဲတွင် Naypyitaw State Academy သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ဒုတိယနှစ်ဝက် ပညာသင်ကာလ အစကတည်းက အပတ်တကုတ် သင်ယူလေ့လာ ကြစေလိုကြောင်း၊ ဆရာ ဆရာမများ သင်ကြားသည်ကို နားလည်သည်အထိ သင်ယူမှတ်သား ရမည် ဖြစ်သကဲ့သို့ အင်တာနက်နှင့် စာကြည့်တိုက်မှ ဖြည့်စွက်လေ့လာကြရမည် ဖြစ်ကြောင်း၊ ဘဝရည်မှန်းချက်ပန်းတိုင်ချမှတ်ပြီး ရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးစားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

နေပြည်တော် ၂၀၂၃ ဇွန် ၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့တွင် ရောက်ရှိနေသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့ နံနက် ၉ နာရီက ဧည့်သည်တော် များနှင့်အတူ Innopolis မြို့ရှိ Innopolis တက္ကသိုလ်သို့ သွားရောက်ပြီး အဆိုပါတက္ကသိုလ် တွင် ပို့ချလျက်ရှိသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၊ ကျောင်းသားအဆောင်များ၊ စားသောက် ဆိုင်များ၊ တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ Business Centres များကို လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

နေပြည်တော် ၂၀၂၃ ဇွန် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိရာ Shukshin တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် Elena Viktorovna Guselnikova၊ တာဝန်ခံ ဒုတိယပါမောက္ခချုပ် Dr. Mikhail Sergeevich Vlasov နှင့် ညွှန်ကြားရေးမှူး Dr. Natalya Grigoryevna Vinogradova တို့က လေဆိပ်တွင် လာရောက်ကြိုဆို နှုတ်ဆက်ကြသည်

နေပြည်တော် ၂၀၂၃ ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

နေပြည်တော် ၂၀၂၃ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာမျိုးမင်းထွန်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဇီပြည်နယ် Yangling တွင် မေ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပသော ရှန်ဟိုင်းဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။

တောင်ကြီး ၂၀၂၃ ဧပြီ ၂၉
၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။

တောင်ကြီး ၂၀၂၃ ဧပြီ ၂၈

တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၈နာရီတွင် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)မှ လူရည်ချွန် ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွန်ကြီးများဖြစ်ကြသည့် ဒေါ်နန်းမိုမိုသီတာက မိတ်ဆက်စကား ပြောကြားပြီး ဦးခင်မောင်ကြည်က လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်းစရာများကို ပြောကြားသည်။

နေပြည်တော် ၂၀၂၃ ဧပြီ ၂၇
ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့သည်။

နေပြည်တော် ၂၀၂၃ ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကား မြွက်ကြားသည်။

နေပြည်တော် ၂၀၂၃ ဧပြီ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Pages