News
နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Natalia A. Bocharova နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၅ နာရီတွင် Naypyitaw State Academy ၌ လက်ခံတွေ့ဆုံသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၂၉
ပညာရေးကဏ္ဍ၌ ကျရာတာဝန်ကို သစ္စာရှိရှိထမ်းဆောင်နေကြသော ပညာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုမိတ်ဆုံစားပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၂၃
Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၇
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရန် အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၆
တက္ကသိုလ်ကျောင်းအပ်လက်ခံမှုများကို ယခင်က နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးအတွက် နိုဝင်ဘာလကုန်အထိ စနေ၊ တနင်္ဂနွေရက်များအပါအဝင် ကျောင်းအပ် လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည် မဟုတ်ပါကြောင်း ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၅
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
