News
နေပြည်တော် ၂၀၂၂ ဇူလိုင် ၂၀
အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော် ၂၀၂၂ ဇူလိုင် ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိသည်။
နေပြည်တော် ၂၀၂၂ ဇူလိုင် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးကို ချီးမြှင့်ဂုဏ်ပြု သည့်အနေဖြင့် နိုင်ငံတော်က ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့သည်။
နေပြည်တော် ၂၀၂၂ ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ် အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှထိုင်းနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြရာ ဒေသစံတော်ချိန်နံနက် ၈ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများကကြိုဆိုကြကာ မော်တော်ယာဉ်များဖြင့် မြဘုရားသို့သွားရောက် ဖူးမြော်ကြသည်။
နေပြည်တော် ၂၀၂၂ ဇွန် ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် တို့နှင့်အတူ ယနေ့နံနက် ၁၀း၃၀နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါ ကျောင်းများရှိ စာသင်ခန်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများ၊ အေးချမ်းစွာပညာ သင်ယူနေသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား သည်။
နေပြည်တော် ၂၀၂၂ ဇွန် ၁၆
အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများ အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ ဇွန် ၁၅
ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၂ ဇွန် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး အဆိုပါကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် ပထမနှစ်ဝက်သင်တန်းသား သင်တန်းသူများ၊ ပထမနှစ် ဒုတိယနှစ်ဝက် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၂ ဇွန် ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၏ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်မည့် အခြေအနေများ၊ အဆောက်အအုံ နေရာချထားမှု ပုံစံများ၊ မူလအဆောက်အအုံများကို ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ရန် အခြေအနေများ၊ ဖျက်သိမ်းမည့် အန္တရာယ်ဆောင် အခြေအနေများ၊ လက်ရှိမြေနေရာအနေအထားနှင့် တိုးချဲ့အဆောက်အအုံ ဆောက်လုပ်နိုင်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် ၂၀၂၂ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများနှင့် အသက်ငါးနှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
