News

နေပြည်တော် ၂၀၂၂ မေ ၆

အခြေခံပညာအလယ်တန်းဆင့် Grade-11 သင်ရိုးသစ် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ကျင်းပသည်။

ရန်ကုန် ၂၀၂၂ ဧပြီ ၃၀
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်းတို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာဆရာမများ၊ တက္ကသိုလ်ဝင်တန်း စာစစ် ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၂ ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းတို့နှင့်အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန် ပညာရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပညာရေးဘွဲ့ စာပေးစာယူ အမှတ်စဉ်(၃၇) ဒုတိယနှစ်နှင့် အမှတ်စဉ်(၃၈)ပထမနှစ် သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဧပြီ ၂၃
တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ တွင် အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ပညာရေး မှူးများနှင့် ခရိုင်ပညာရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်းနှင့် ဥတ္တရ သီရိမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးများသို့ ရောက်ရှိပြီး သင်ရိုးသစ် ပဉ္စမတန်း (Grade 5) ဗဟိုအဆင့်နည်းပြအွန်လိုင်းသင်တန်း သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

လားရှိုး ၂၀၂၂ ဧပြီ ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာညွန့်ဖေသည် ယမန်နေ့ ညနေပိုင်းက လားရှိုးတက္ကသိုလ်သို့ရောက်ရှိကာ လားရှိုးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၂ ဧပြီ ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို ယနေ့ မွန်းလွဲ ၃နာရီက ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၂ ဧပြီ ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။

နေပြည်တော် ၂၀၂၂ ဧပြီ ၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ၀င်စာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ စတုတ္ထနေ့ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

Pages